မကြီးသဒ္ဒါရဲ့ကဗျာလေးပါ
အတောင်မညောင်း..သတ္တိကောင်း..အနိုင်ခွပ်မဲ့ ဒေါင်း။။ပြည်သာရင်. က ပြမဲ့ဒေါင်းပြည်နာရင်.. ချ ကြမဲ့ဒေါင်းမင်းရဲ့ မျက်စောင်း..အကြောင်းသုံးပါးမရွေး..ဒို့ တွေမှာလည်း နီရဲတဲ့ သွေး။နိုင်တဲ့အထိ..အသေခံခွပ်မယ်။ ညွတ်ကွင်းတော့ မ၀င်..အသက်ဘဲ စွန့် လွတ်လိုက်ချင်ခွပ်ဒေါင်းဆိုတာ..တော်ဝင်သံမဏိဌက်ကြောက်ရွံစွာ..ဘယ်ခါ သွေးမပျက်။သစ္စာနဲ့  ဒေါင်း..အသက်စွန့် မဲ့ ဒေါင်း.လွတ်လပ်မှုကို..ကပြ မတောင်း၊ဒူးထောက်အညံ့ခံ ပြီး မတောင်း၊ခွပ်ပြီး တောင်းမဲ့ ဇာနည်ဒေါင်း၊ဒို့ ဗမာ့ သမိုင်းကြောင်းမှာ။ဒေါင်းသွေးနီ..စည်းရုံးပြီး အုပ်ချုပ်..တအုပ်စု တည်းနေ..ကြိုးအားကုပ်အရောင် ပြောင်းပြောင်း..အတောင်တွေ ဘဲ စောင်းစောင်း..ခြေလက်ဘဲ ညောင်းညောင်း ဒေါင်းဆိုတာ..ဒေါင်းသာပါချည့်..ခွပ်ဒေါင်းသတ္တိရဲရင့်ကြောင်းခွပ်ဒေါင်းများသာ အသိ။စည်းလုံးမှူတွေ အယောင်မဆောင်ပုဆိန်ရိုးဒေါင်း ကြည့်ကာရှောင်..ဥဒေါင်း စစ်က..ဒေါင်းချင်းမခွပ်ကြနှင့်..သူများနောက်ကျော ဓါးနဲ့မထိုးကြပါနှင့်။ ရန်ကို ရှောင်..ဥာဏ်ကိုဆောင်.အားအင်ကွဲ..အုပ်သင်းကွဲ တကောင်ချင်း မျိုးပြုတ်တော့မှာ သတိဆောင်..ရဲဝံ့ ချစ်ကြည်..စည်းလုံးညီညာဒေါင်းမှန် ရင်..ဒေါင်းချင်းမခွပ်ကြပါ။မသဒ္ဓါ ( ၇။၉။၂၀၀၈)
Sunday, July 13, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment