ဒီမှာစရေး နာဂစ်ရေ
ရွာအဖြစ်တွေကို
ရှာလစ်ဖွေလို့ပြောပါရစေ
နှစ်ရက်မေလ
မျက်ရည်နဲ့စခဲ့ကြပြီ
ကောင်းကင်မှာလေနီကြမ်း
မြေပြင်မှာဒီရေလွှမ်း
ပြည်သူတွေဘ၀မျက်ရည်လမ်း
ကျိုးပဲ့သစ်ပင်
မိုးထဲဖြစ်အင်
ကျွှဲနွားဝက်သေ
တဲများပျက်နေ
ချောင်းရေထုမှာ
အလောင်းတွေစုပါ
သောင်းမြေထုပမာ
စာသင်ကျောင်းတွေ
ရွာအပြင်ချောင်းရေမှာမြောခဲ့ပြီ
နာဂစ်ရေ..
မင်းလာတာကတစ်ညပါ
ပြည်သူတွေမှာဘ၀နာ
အနိဌာရဲ့စာမျက်နှာ
စားစရာလည်းမရှိ
ခါးဗလာနတ္တိ
သွားစရာလည်းမသိ
သားလည်းမရှိအားနဲချိ
သမီးဇနီးလည်းမရှိ
ခရီးလည်းမသိ
အဖေလည်းသေဘေး
အမေလည်းအနေဝေး
ကြေကွဲနေတဲ့ခလေးတွေ
ဆွေး၇ည်တက်ဖြေမရ
သွေးပျက်နေကြ
ကလေးငယ်တွေဘဝ
နေရန်လည်းမရှိ
ရေဆန်လည်းမရှိ
သေရန်ပဲရှိ
သင်္ခါရ
ယှဉ်လာမရ
ရင်နာရပြီလေ
တူသားအရင်းပမာ
လူသားချင်းစာနာ
“ တူညီမျှကာ…ကူညီကြပါ…။
ဒီမှာဆက်ရေး
Tuesday, July 8, 2008
တူညီမျှစွာကူညီကြပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment