အခြေခံဥပဒေများ........
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ( ၂၀၀၈ )၊ အခန်း ( ၈ )၊စာမျက်နှာ ၁၅၀၊ပုဒ်မ( ၃၅၄ )တွင်..........
နိုင်ငံသားတိုင်းသည်နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွှာအချမ်းသာယာရေး ( သို့ )
ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဌန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါ
အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွှက်ခွင့်ရှိသည် ။ ။
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား
ဖြန့်ဝေခွင့်။
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ ( သို့ ) အစည်းရုံးများ ဖွဲ့စည်းဆောင်ရွှက်ခွင့်၊
(ဃ) တိုင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး ( သို့ ) တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊
အခြားဘာသာသာသနာကိုလည်းကောင်း၊ထိခိုက်နစ်နာမူမရှိပဲ
မိမိချစ်ခင်မြတ်နိုးသည့်စကား၊စာပေ၊ယဉ်ကျေးမူ၊ကိုးကွယ်သည့်ဘာသာသာသနာနှင့်ဓလေ့ထုံး
များကို လွပ်လပ်စွာဆောင်ရွှက်ပိုင်။ ။ဟုပြဌန်းထားသောလည်း.....
စာမျက်နှာ (၁၅၅)၊ ပုဒ်မ ( ၃၈၂ ) တွင်အောက်ပါအတိုင်းပြဌန်း၍...ကန့်သတ်ထိန်းချုပ်ထားသည်ကိုတွေ့
ရှိရပါသည်......
ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ( သို့ ) ငြိမ်ဝပ်ပိပြားရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်ရသော
တပ်ဖွဲ့ဝင်များအား ယင်းတို့၏တာဝန်ဝတ္တရားများကိုကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့်
စည်းကမ်းသေ၀ပ်မူများရှိစေရေးတို့အတွက်ဤအခန်း၌ပေးအပ်ထားသောအခွင့်အရေးများ
အနက် ကန့်သတ်ရန် ( သို့ ) ဖျက်သိမ်းရန် လိုအပ်သောအခွင့်ရေးများကို ဥပဒေပြဌန်း၍
ကန့်သတ်ခြင်း ( သို့ )ဖျက်သိမ်းခြင်းပြုရမည်။ ။
Tuesday, April 29, 2008
အသိပေးခြင်း ( ၄ )
အတုယူကြစမ်းပါ ။ ။
ဘလော့ဂါများအတွက်အထူးအစီစဉ်.........
ဘလော့ဂါများအတွက်အထူးအစီစဉ်တစ်ရပ်ကိုမလေးရှားရုပ်သံတွင်ဖွင့်လှစ်ထားမည်...................................
ယင်းသို့ဖွင့်လှစ်ရခြင်းမှာဘလော့ဂါများသည်၎င်းတို့၏ထင်မြင်ယူဆချက်များကိုပြောဆိုနိုင်ရန်လမ်းကြောင်း
ပေးရန်ဖြစ်သည်။ ။ယင်းအထူးအစီစဉ်ကသမာရိုးကျမဟုတ်သောသတင်းမီဒီယာကိုကိုင်တွယ်ရာ၌ အစိုးရ၏
ပွင့်လင်းမူကိုသက်သေပြလိမ့်မည်ဖြစ်ကြောင်း မလေးရှားပြန်ကြားရေးဝန်ကြီး အာမက်ရှာဘာရီက ပြောကြားသည်။ ။
အတွဲ( ၄ ) အမှတ် ( ၁၆ ) flower news မှာ့ ကောက်နုတ်ချက်...........
ဒီသတင်း ကိုဖတ်ပြီးတော့ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုမြင်မီတယ်ဗျာ......
ဘဘတို့ရေ.....အဲဒါလေးတွေကို အတုယူကြစမ်းပါလို့နော့......
Monday, April 28, 2008
အမှားပြင်ဆင်ခြင်း ( ၁ )
ကျုပ် အမှား လေ...
( ၁၀ ) ခု မြောက် ဆိုတဲ့ post က ကျုပ်လောဘတကြီးနဲ့ ရမ်းလိုက်တာ အမှန်တော့ ( ၈ ) ခုမြောက်......
ဒီတော့ခင်ဗျားတို့ဖတ်မိရင်ကိုယ့်အသိနဲ့ကိုယ်..ပြင်ဖတ်လိုက်ပါနော်...အဲလိုမျိုးဆက်မှားဖို့..ရှိနိုင်လို့ ကျုပ်.. title ကိုက.." အမှားပြင်ဆင်ခြင်း( ၁ )
လို့ပေးထားတာပဲကြည့်..ဟဲဟဲ..
( ၁၀ ) ခုမြောက်
ဒီ post က ကျုပ်အတွက် ( ၁၀ ) ခုမြောက် post ပါ ။
ဒီ post ထဲ မှာကျုပ် message ပေးချင်တာက
တိုင်းပြည်တပြည်တိုးတက်ဖို့ဆိုတာ စစ်တပ်ကြီးပဲရှိလို့မဖြစ်သလို
ပြည်သူမပါဝင်လို့လည်းမဖြစ်ဖူးဆိုတာမျက်ကန်းမျိုးချစ် ( အမှန်တရားကိုမမြင်
နိုင်ပဲကိုယ်ဆွေမျိုးသားချင်းကိုပဲချစ်တဲ့အဓိပ္ပယ်ပါ )
ဒီဗိုလ်ချုပ်တွေတိုင်းပြည်ကိုအမှန်အကန်လိပ်ပြာသန့်သန့်နဲ့ချစ်ခဲ့ရင် အာဏသိမ်းပြီး
နောက်ပိုင်းပါတီစုံစနစ်တိုထူထောင်ပေးရွှေးကောက်ပွဲပြုလုပ်ပြီးရင်ရွှေးချယ်ခံတိုင်းရင်း
သားကိုယ်စာလှယ်တွေနဲ့အမျိုးသားညီလာခံကိုကျင်းပ၊အခြေခံမူတွေချမှတ်၊ချမှတ်တဲ့
အခြေခံမူကိုဆန္ဒခံယူပွဲကျင်းပ၊ဒင်းတို့ကဒိုင်လူကြီးလုပ်ပြီးပြီဒါဆိုရင်အားလုံးက ပိုနေမြဲကျားနေမြဲပဲ ဘာမှာ့အမုန်းပွားစရာ မလိုတော့ဘူး ဒါမှာ့မဟုတ်ကိုယ်ပဲအုပ်ချုပ်
ချင်တယ်ဆိုရင်လည်း အိမ်နီးချင်း ဗီယက်နမ် ကိုကြည့် ( ဗီယက်နမ်ကို ယခင်ကပင်
ယခုလူများ စီမံခန့်ခွဲကြပါသည် ဗီယက်နမ် ကောင်းစွာ မတိုးတက်ခဲ့ပါ ဦးဆောင်သူများ
အတွေးတခေါ်ပြောင်းပြီးစီမံခန့်ခွဲသောအခါ ဗီယက်နမ်ကောင်းစွာတိုးတက်လာပါသည်။
ဦးဆောင်သူမပြောင်းပဲ ဦးဆောင်မူသာပြောင်းလိုက်ခြင်းဖြစ်ပါသည် NO LEDER
CHANGED LEDERLISH CHANGEED )
၂၀၀၇ ၊ နိုဝင်ဘာလထုတ် ၊ အမှတ် - ၂၁၆ ( အမည်မမှတ်မိမဂ္ဂဇင်း တစောင်မှာ့ )
ဆရာနေဇင်လတ်ရဲ့ - တန်ဖိုးထားတတ်ဖို့ပဲလိုတယ် ဆောင်းပါးမှ့ ကောက်နုတ်ချက်ပါ ထုံးစံအတိုင်း ကျုပ်တို့ blogger သမားတွေ တွေ့ကြုံရတဲ့အဖြစ်လေးပေါ့ ကာယံကံရှင်ကို ခွင့်ပြုချက် မတောင်းနိုင်ဘူးလေ ခွှင့်လွှတ်ပါ ဆရာနေဇင်လတ် ဒီ blog လေးတောင်ေ၇းဖို့ကလွဲရင် ဘာမှာ့ နကန်းတလုံးမသိတဲ့ကျွန်တော်ကို အစမှာ့အဆုံး စိတ်ရှည်ရှည်နဲ့သီးခံပြီးအကူအညီ ပေးတဲ့ အဝေးက မကြီး သဒ္ဓါမေ ကိုလည်းတလေးတစားနဲ့ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ။
အဲ……. ကျုပ်ပေးချင်တဲ့ message လည်းဦးတည်ချက် လွဲသွားပြီ ၊
နောက် post မှာ့ပဲ ထပ်ပေးတော့မည် မကြာမှီလာမည် မျော်ပေါ့…။ ။
ဒီမှာဆက်ရေး
Saturday, April 26, 2008
အသိပေးခြင်း ( ၃ )
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း၊အခန်း ( ၅ ) စာမျက်နှာ ၇၅/၇၆- ပုဒ်မ (၂၀၁) တွင်လည်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း
(က) နိုင်ငံတော်သမတ
( ခ ) ဒုတိယ သမတ
( ဂ ) ဒုတိယ သမတ
(ဃ) ပြည်သူ့လွှတ်တော်ဥဏ္ဍဌ
( င ) အမျိုးသားလွှတ်တော်ဥဏ္ဍဌ
( စ ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဆ ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
( ဇ ) ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး
( ဈ ) ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး
(ည) နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး
( ဋ ) နယ်စပ်ေ၇း၇ာဝန်ကြီးဌာန၀န်ကြီး ဟူ ( ၁၁ ) ဦးဖြင့်
ဖွဲ့စည်းထားရာတွင်လည်း နေရာ ( ၆ ) နေရာကျော်အား
ယူထားသည်ကိုတွေ့ရခြင်းအားဖြင့်--နိုင်ငံတော်အာဏာအား
စွန့်လွှတ်ရန်စိတ်ကူးမရှိသောအကြံအစည်ကိုတွေ့ရသည်။ ။
အသိပေးခြင်း ( ၂ )
ဖွဲ့စည်းပုံအအခြေခံဥပဒေမူကြမ်း ( ၂၀၀၈ )
အခန်း ( ၁) စာမျက်နှာ ( ၆ ) ပုဒ်မ ၂၀ ပုဒ်မခွဲ ( ဃ ) မှာ
တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင်
ပြည်သူ တစ်ရပ်လုံးပါဝင်ရေးအတွက်စီမံဆောင်ရွက်ခွင့်ရှိသည်
ဒါကလည်း ကျူပ်တို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်
လုံခြုံရေး အကြောင်းပြချက်ဖြင့် အဓီမ လုပ်အားပေးရန်
ဒါဟာလည်း အာဏရှင်ဆန်သော ပုံစံပါ
ဒါကြောင့်…ဒို့အနာဂတ် ဒို့ဖန်တီးလို့ စစ်ကျွှန်ဘ၀လွှတ်မြောတ်ဖီု့
မဲရုံသွားလို့ ( x ) ပါစို့လို့ အသိပေးလိုက်ပါတယ် ။ ။
အသိပေးခြင်း(၁)
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း(၂၀၀၈)
အခန်း(၁)စာမျက်နှာ(၆)နံပတ် ၂၀ (ခ) မှာ......
ဒီလိုရေးထားပါတယ်....
တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစွာအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွှက်ပိုင်ခွင့်ရှိသည်
ဒါဟာငါတို့လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ပဒေသရာဇ်ပုံစံပါ
Friday, April 25, 2008
ကြိုဆိုပါတယ်သူငယ်ချင်း
တစ်မြေတည်းနေတစ်ရေတည်းသောက်
မင်းနဲ့တို့နှစ်ယောက်
တံတိုင်းမခြားစည်းမတားပဲ
နီးလျှက်နဲ့ဝေးခွဲခွာသွားခဲ့
ရာဇ၀င်ထဲကလိုမင်းဆိုးညစ်လက်ထဲ
မထားရက်နိုင်ခဲ့
လက်ကမ်းလို့ကြိုပါတယ်
ပြည်သူရဲ့ရင်ခွင်ထဲ
မင်း.....................
လှမ်းလို့ခိုလှည့် ။ ။
ကြံ့ဖွံ နှင့်စွမ်းအားရှင်အဖွဲဝင်သူငယ်ချင်းဟောင်းများအားရည်ရွှည်ပါသည်
ဲ
Thursday, April 24, 2008
လာလေသွားစို့၊ဒို့အတူလေ
xxx လာလေသွားစို့ ၊ ဒို့အတူလေ
မညီညာခရောင်းလမ်း ၊ ကြမ်းတမ်းပါစေ
တော်လှန်ေ၇းအတွက် ၊ ကိုယ်ကျိုးစွန့်လေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
နိုင်ငံအကျိုးနဲ့ ၊ သာသနာအမျိုးတွက်
ပန်ပမ်းပါစေ ၊ မညီးညူပေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
ရင်ဆိုင်ဖြတ်သန်း ၊ တော်လှန်ရေးလမ်း
ဦးလည်မသုန် ၊ ဆောင်ရွှက်ပေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
ဆနွာအမှန် ၊ ဖော်ထုပ်ရန်အတွက်
မဲရုံဆီသို့သွားကြစို့ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
လာလေသွားစို့ ၊ ဒို့အတူလေ
လာလေသွားစို့ ၊ ဒို့အတူလေ...။..။
မဲရုံသို့သွားစို့
။ ။ရဟန်းရှင်လူ
ဒို့ပြည်သူနှင့်
တော်လှန်ရေးသမား
ခွပ်ဒေါင်းအားတို့
ဒို့အနာဂတ်ဒို့ဖန်တီးဖို့
စစ်ကျွန်ဘ၀လွတ်မြောက်ဖို့
မဲရုံသွားလို့
ကန့်ကွက်ကြပါစို့ ။ ။
Wednesday, April 23, 2008
နှုတ်ခွန်းဆက်ခြင်း
ဘာအကြောင်းတွေရေးရမယ်ဆိုတာမသိအောင်ကိုဖြစ်နေမိတယ်တွေးလေတွေးလေစိတ်ဆိုးလေခင်ဗျားတို့စဉ်းစားကြည့်မီးကမလာနေကပူပူဘာအကြောင်းထူးများရှိလည်းလို့သတင်းစာကိုဖတ်ကြည့်တော့ဓာတ်တွေကိုလိုက်လို့