သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်ပညာရှင်များအစု ( envir-klean-technologist-associate-EKTA )သည်
ဇူလိုင်လ ( ၉ )ရက်ကဧရာဝတီတိုင်းမော်လမြိုင်ကျွန်းမြီု့နယ်အတွင်းရှိကျေးရွာအချီု့သို့သွားရောက်လက်တွေ့
စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည် ။ အဆိုပါစမ်းသပ်တွေ့ရှိရသောဘက်တီးရီးယားအမြောက်အများသည်
ရောဂါသယ်ဆောင်နိုင်သောဘက်တီးရီးယားများဖြစ်နေသည်ကိုစမ်းသပ်တွေ့ရှိရကြောင်း EKTA မှ့ ငါမောက္ခ
ဒေါက်တာဦးအေးဖေကပြောကြားသည်။
ဒီမှာဆက်ရေး
Friday, July 18, 2008
မုန်တိုင်းသင့်ဒေသအချို့မှ ရေနမှုနာစမ်းသပ်ချက်တွင်လူကိုအန္တရာယ်ပေးစေနိုင်သောဘက်တီးရီးယားတွေ့ရှိ
ဗူးသီးငါးပေါင်း မန္တလာ
ဦးကောင်းလိမ်ထုတ်
မင်းဆက် ပြုတ်ခဲ့ရသတဲ့
ဟုတ်ကဲ့
ထောက်ခံတဲ့အလုပ်
ငြင်းဆန်တဲ့အလုပ်
ကျွန်ုပ်တာဝန် မဟုတ်ပါ။
မင်းတုန်းမင်းရဲ့ ရတနာပုံ
ကမ္ဘာကုန်ကျော်တဲ့ မန္တလေး
ဘုံကျော်ဆရာတော် မကြိုက်တဲ့ မန္တလေး
ဘုရား လက်ညှိုးထိုးတဲ့ မန္တလေး
ဦးရာမကို ဗန်းမော်ပို့တဲ့ မန္တလေး
မင်းသွေးတို့ မြေခတဲ့ မန္တလေး
မြို့မငြိမ်း အခြေမလှခဲ့တဲ့ မန္တလေး
“အောင်ကျော်ချမ်းအေး မန္တလေး” တဲ့
ချမ်းအေးရဲ့ မချမ်းအေးရဲ့ ဆိုတာ
အောင်ကျော်နဲ့ တွေ့မှ မေးကြည့်ပါ…။
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံများ
အရုပ်စာတွေကြားမှာ ရွဲ့စောင်း
(ဦးကောင်း)ရေ
ခင်ဗျား လိမ်ထုတ်ထုတ်၊ မထုတ်ထုတ်
……………………………………………..
(ဟုတ်ကဲ့)
ထောက်ခံငြင်းဆန်တဲ့အလုပ်
ကဗျာဆရာ ဘယ်နဲ့လုပ်သိပါ့မလဲ။ ။
လူသစ်ထက်
ဦးကောင်းလိမ်ထုတ်
မင်းဆက် ပြုတ်ခဲ့ရသတဲ့
ဟုတ်ကဲ့
ထောက်ခံတဲ့အလုပ်
ငြင်းဆန်တဲ့အလုပ်
ကျွန်ုပ်တာဝန် မဟုတ်ပါ။
မင်းတုန်းမင်းရဲ့ ရတနာပုံ
ကမ္ဘာကုန်ကျော်တဲ့ မန္တလေး
ဘုံကျော်ဆရာတော် မကြိုက်တဲ့ မန္တလေး
ဘုရား လက်ညှိုးထိုးတဲ့ မန္တလေး
ဦးရာမကို ဗန်းမော်ပို့တဲ့ မန္တလေး
မင်းသွေးတို့ မြေခတဲ့ မန္တလေး
မြို့မငြိမ်း အခြေမလှခဲ့တဲ့ မန္တလေး
“အောင်ကျော်ချမ်းအေး မန္တလေး” တဲ့
ချမ်းအေးရဲ့ မချမ်းအေးရဲ့ ဆိုတာ
အောင်ကျော်နဲ့ တွေ့မှ မေးကြည့်ပါ…။
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံများ
အရုပ်စာတွေကြားမှာ ရွဲ့စောင်း
(ဦးကောင်း)ရေ
ခင်ဗျား လိမ်ထုတ်ထုတ်၊ မထုတ်ထုတ်
……………………………………………..
(ဟုတ်ကဲ့)
ထောက်ခံငြင်းဆန်တဲ့အလုပ်
ကဗျာဆရာ ဘယ်နဲ့လုပ်သိပါ့မလဲ။ ။
လူသစ်ထက်
၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း ၊၄၊ မှ ကဗျာပါပဲ။ ကဗျာစာမျက်နှာမှာ မီးပွုင့်ပုံလေးနဲ့ စက္ကန့်အချိန်ပြနံပါတ်ကို တရုတ်စာနဲ့ ထိုးထားပါတယ်။ scanner မရှိလို့ ခံစားလို့ ရအောင် ပြောပြတာပါ။ နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဦးကောင်းလိမ်ထုတ်
မင်းဆက် ပြုတ်ခဲ့ရသတဲ့
ဟုတ်ကဲ့
ထောက်ခံတဲ့အလုပ်
ငြင်းဆန်တဲ့အလုပ်
ကျွန်ုပ်တာဝန် မဟုတ်ပါ။
မင်းတုန်းမင်းရဲ့ ရတနာပုံ
ကမ္ဘာကုန်ကျော်တဲ့ မန္တလေး
ဘုံကျော်ဆရာတော် မကြိုက်တဲ့ မန္တလေး
ဘုရား လက်ညှိုးထိုးတဲ့ မန္တလေး
ဦးရာမကို ဗန်းမော်ပို့တဲ့ မန္တလေး
မင်းသွေးတို့ မြေခတဲ့ မန္တလေး
မြို့မငြိမ်း အခြေမလှခဲ့တဲ့ မန္တလေး
“အောင်ကျော်ချမ်းအေး မန္တလေး” တဲ့
ချမ်းအေးရဲ့ မချမ်းအေးရဲ့ ဆိုတာ
အောင်ကျော်နဲ့ တွေ့မှ မေးကြည့်ပါ…။
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံများ
အရုပ်စာတွေကြားမှာ ရွဲ့စောင်း
(ဦးကောင်း)ရေ
ခင်ဗျား လိမ်ထုတ်ထုတ်၊ မထုတ်ထုတ်
……………………………………………..
(ဟုတ်ကဲ့)
ထောက်ခံငြင်းဆန်တဲ့အလုပ်
ကဗျာဆရာ ဘယ်နဲ့လုပ်သိပါ့မလဲ။ ။
လူသစ်ထက်
၁၉၉၆ ထုတ် ရာစုသစ် မြစ်ကျဉ်း ၊၄၊ မှ ကဗျာပါပဲ။ ကဗျာစာမျက်နှာမှာ မီးပွုင့်ပုံလေးနဲ့ စက္ကန့်အချိန်ပြနံပါတ်ကို တရုတ်စာနဲ့ ထိုးထားပါတယ်။ scanner မရှိလို့ ခံစားလို့ ရအောင် ပြောပြတာပါ။ နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။
http://5thgenerationburmese.blogspot.com မှာ့ကဗျာပါ။
အကြောက်တရား အုတ်မြစ်တွယ်
နာပင်နာငြား ခံစားရလည်း
စကားလုံးတို့ ပျောက်ဆုံးဆဲ . . .
မတရားငြား သိရှိပါလည်း
ငါတို့ခေါင်းတွေ ငုံ့နေဆဲ . . .
လက်သီးကိုဆုတ် ခေါင်းကိုငုံ့
့မျက်စိကိုမှိတ် အံကိုကြိတ်
တိတ်တဆိတ်ပေါက်ကွဲ မရဲတရဲ။
ယခုပင်လျင် ရရာလက်နက် စွဲကိုင်ထွက်လျက်
်အသင်ရန်သူ ထိုထိုသူအား
တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းဟု
ကြွေးကြော်သုတ်သင် ချေမှုန်းခြင်းဖြင့် .
သင့်အမျိုးကို ကယ်တင်ပါ။
သင့်ဘာသာကိုစောင့်ရှောက်ပါ။
အကြောက်တရားကို တိုက်ဖျက်ပါ
။အာဏာရှင်ကို တော်လှန်ပါ။
အာဏာစက်တွေ ရိုက်ချိုးပါ
။သခင်မျိုးဟေ့ တို့မြန်မာ။
Thursday, July 17, 2008
come back U saw's generations
ကျွန်တော်ပေးထားတဲံ့ တိုင်တယ် ကိုကြည့်ပြီးတစ်မျိုးတော့မထင်လိုက်ပါနဲ့.........
တစ်ကယ်ပါပဲဦးစော ( ဗိုလ်ချုပ်တို့အားလုပ်ကြံသူ ) ရဲ့မျိုးဆက်တွေပြန်လာနေပါပြီ..သူတို့ကတော့.......
ဗိုလ်သန်းရွှေနဲ့အပေါင်းအပါအစုအဝေးကြီးပါ။ဒင်းတို့ရဲ့လုပ်ရပ်တွေကဦးစောလိုပဲဗိုလ်ချုပ်ကိုသမိုင်းစာမျက်နှာမှ့
ဖျောက်ဖျက်ပစ်ရန်ကြီုးစားခြင်း ၊ လူမိုက်များမွေးပြီး ( ကြံ့ဖွံ ၊ စွမ်းအားရှင် ၊ အရံမီးသတ် ) အာဏာကိုဆုပ်ကိုင်လိုခြင်း ၊ စသည့်လုပ်ရပ်များကြောင့်ဦးစောရဲ့မျိုးဆက်ပြန်လာပြီဟုအသိပေးလိုက်ရပါသည်။
Wednesday, July 16, 2008
Tuesday, July 15, 2008
လပ္ပတ္တာခရီးစဉ်
မီးရထားဆိုတဲ့ရွာလေးပါလပ္ပတ္တာကနေ၂နာရီလောက်မော်တော်နဲ့သွားရတဲ့ရွာပါ ၊ ပန်းကန် ၊ ဒန်အိုး ၊
ဒီပရင်္ဂ
ပုံပြင်ထဲက မြို့လည်း မဟုတ်ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်ရာဇဝင်ထဲက မြို့တမြို့ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့သမိုင်းဝင် မြို့တမြို့။ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်အလောင်းစည်သူမင်းတိုင်းခန်းလှည့်လည်ရင်းမြောက်ဘက်အရပ်အရောက်အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။အရှေ့မှာ ဧရာဝတီအနောက်မှာ ချင်းတွင်းမနီးဝေးမှာ မူးမြစ်နဲ့စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။သာသနိက အဆာက်အအုံတွေပေါများရဟန်းပညာရှိ လူပညာရှိတွေထွန်းကားတခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရအစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။အလောင်းဘုရား လက်ထက်မှာအိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလနေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိစစ်သူကြီး မဟာဗန္ဓုလမုံတိုင်ပင် ဆရာအရှင်ဝံသအတုလဆရာတော် အရှင်ယသမြသိန်းတန် ဆရာတော် အရှင်ဇိနအယူတော်မင်္ဂလာ ဦးနိုးလယ်တီဆရာတော်ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။ဒီမြို့မှာမင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်ဒီမြို့ကနေကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်းအောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်ဒီလိုနဲ့ဒီမြို့မှာသူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်ဒီမြို့မှာသစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်ဒီမြို့မှာလူငယ်လေးတယောက်သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်ဒီမြို့မှာအမျိုးသမီး တယောက်သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်ဒီမြို့မှာအံကြိတ်ရ တက်ခေါက်ရတဲ့အဖြစ်အပျက်တွေ ရှိခဲ့တယ်။တနေ့တော့မိုးနည်းတဲ့ ဒီဒေသဆောင်းတွင်းအခါ သမယမှာမိုးရွာဖို့ မဆိုထားနဲ့မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်ရုတ်တရက် မိုးကြီးရွာချလိုက်တယ်ဆင်ခြေရာတွေတောင်တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်းဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါအတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။ကြည်မောင်သန်း(၂၀၀၈ ခုနှစ် ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း မှ )
ကိုထိုက်ရဲ့ပို့စ်လေးပါကြိုက်လို့တင်ပေးလိုက်တာပါ
Thursday, 10 July 2008
နွားကြီး
ကျွန်တော် လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က ရေးခဲ့တဲ့ ရီစရာစာတိုလေး တစ်ခုပါ။ စာမူ အဟောင်းတွေ ပြန်ဖတ်ရင်း တွေ့လို့ အပျင်းပြေတင်လိုက်တာပါ။ အရေးအသားက သိပ်မကောင်းတာ ခွင့်လွတ်ပါ။ တချို့အရေး အသားတွေ နည်းနည်းပြင်ချင်ပေမယ့် .. စာမူ ပုံစံ ဟောင်းအတိုင်း မပြင်သင့်ဘူး ထင်လို့ ဒီအတိုင်း ပြန်တင်လိုက်ပါတယ်။ ကြားဖူးတဲ့ ပုံပြင်လေး တစ်ခုကို ပြန်ကိုးကား ရေးထားတာပါ။..................................................
ကျွန်တော်တို့ ရပ်ကွက်လူကြီး ဦးအောင်ဘ တစ်ယောက် ကျွန်တော်တို့ အိမ်ကို တစ်ညနေမှာ ရောက်လာပါတယ်။ သူက တာဝန်အရ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ရတာပါ။ ရောက်ရောက်ခြင်း ဆိုသလိုဘဲ ကျွန်တော့်ကို သူက
“ဟို ဘက်ခန်းက ကိုသိန်းထွန်းရှိလား” လို့ မေးလာပါတယ်။
“သူ လမ်းထိပ်ဘက်ကို သူ့သားလေးနဲ့ အတူ လမ်းလျှောက် ထွက်သွားကတာဘဲ။ ကိစ္စ အရေးကြီးလို့လား” လို့ ကျွန်တောက်က မေးလိုက်ပါတယ်။
“ငါ အခုလာရတာက ကြံခိုင်ရေးနဲ့ဖွံဖြိုးရေး အသင်းကြီးရဲ့ နှစ်ပတ်လည် ညီလာခံကို ငါတို့ ရပ်ကွက်ကနေ တစ်အိမ်တစ်ယောက် မဖြစ်မနေတတ်ရမယ်။ အဲ့ဒါ မနက်ဖြန် မနက် ၆ နာရီရပ်ကွက်ရုံးကို မင်းရော၊ ကိုသိန်းထွန်းရော နှစ်ယောက်လုံးလာခဲ့ရမယ်။ ပြီးတော့ ဒီရပ်ကွက်ထဲမှာ ကိုသိန်းထွန်းက နည်းနည်း လည်လည်ဝယ်ဝယ်လည်းရှိတော့ သူ့ကို ချီတတ်မဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်လုပ်ခိုင်းမလို့လေ။ ဒါကြောင့်ပါ…။”
“ဦးလေးရော မလိုက်ဘူလား။” လို့ ကျွန်တော်က ပြန်မေးလိုက်ပါတယ်။
“ငါ လိုက်တော့ လိုက်ခဲ့မယ်။ ဒါပေမယ့် ငါ့မိန်းမ မုန့်ဟင်းခါးဆိုင် ထွက်တာကို လိုက်ကူပေးပြီးတော့မှာ လာခဲ့မယ်။ မင်းသိတဲ့ အတိုင်းဘဲလေ။ သူက ငါအလုပ်မလုပ်ဘဲ အခုလို ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာတွေကို သိပ်ကြိုက်တာ မဟုတ်ဘူးလေ။”
ဟုတ်တယ်… ရပ်ကွက်က ရပ်ကွက်လူကြီးရွေးကြတော့ အရပ်ထဲ အလုပ်မရှိ အကိုင်မရှိ ယောင်ခြောက်ဆယ် ဆိုက်ကားသမားဟောင်း ဦးအောင်ဘကို မြို့နယ် မယက စစ်ဗိုလ်ကြီးတွေ အကြိုက် ရွေးတင်ထားတာကိုဗျ။
ပြောရင်းဆိုရင်းနှင့်ပင် ကိုသိန်းထွန်းက သူ့သားလေး အောင်အောင့်ကို လက်ဆွဲပြီး ပြန်လာကြသည်။ ထိုအခါ ဦးအောင်ဘက
“ဟေ့ …. မောင်သိန်းထွန်း။ အတော်ဘဲ… မင်းဆီကိုလာခဲ့တာ မင်းနဲ့ မတွေ့လို့ ငါအခုဘဲ ပြန်တော့မလို့” လို့ လှမ်းအော်ပြောလိုက်တော့၏။
“ဘာကိစ္စရှိလို့လဲဗျ။ ခင်ဗျားမြင်ရင် ကျုပ်က အတော့်ကို လန့်နေတာဗျ။ အားအားရှိ ရပ်ကွက်သန့်ရှင်းရေး လုပ်အားပေးလုပ်ခိုင်းလိုက်၊ ဟိုအလှူငွေ ဒီအလှူငွေ ကောက်လိုက်နဲ့ ခင်ဗျားကို မြင်ရတာ ကျုပ်က လန့်လန့်လာပြီ။”
“ကျုပ်ကလည်း အထက်အမိန့်အရ လုပ်ရတာပါဗျာ။ အခုလာရတဲ့ကိစ္စကလည်း မနက်ဖြန် ကြံဖွတ် … အဲယောင်လို့ ပြည်ခိုင်ဖြိုး နှစ်ပတ်လည် ညီလာခံတတ်ဖို့ လာပြောတာ။ အဲဒါ မနက် ၆နာရီ ရပ်ကွက်ရုံးကို လာခဲ့ကြ။ ကဲ ငါသွားပြီ။”
နောက်တစ်နေ့ ၆ နာရီ လူစုပြီး၊ ကျွန်တော်တို့ ချီတတ်လာကြရာ ကန်တော်ကြီး ကန်ပတ်လမ်းမှ ဖြတ်လာစဉ် ဗိုလ်ချုပ်ပန်းခြံရှေ့ အရောက် နောက်မှ “ဟေ့ .. မင်းတို့ ဘယ်သွားကြမလို့လဲ” ဟု အသံတစ်ခုကြားလိုက်ရသဖြင့် ကျွန်တော်တို့ လှည့်ကြည့်မိလိုက်ကြသည်။ ကျွန်တော်တို့ လူစုမှလွဲ၍ ဘယ်သူမှ မတွေ့ပေ။ သေသေချာချာ ကြည့်မိလိုက်တော့မှ ဗိုလ်ချုပ်ကြေးရုပ်မှ ပြောလိုက်သော အသံဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ထိုအခြင်းအရာကြောင့် အချို့မှာ လန့်သွားကြသည်။ ကျွန်တော်တို့ လူစုထဲတွင် ခေါင်းဆောင်ဖြစ်သော၊ အတန်ငယ် သတ္တိရှိသော ကိုသိန်းထွန်းက ရှေ့သို့ တိုးထွက်လာပြီး “ကျွန်…ကျွန်…ကျွန်တော်တို့ ကြံခိုင်ရေး အသင်းကြီးရဲ့ ပြည်လုံးညီလာခံ သွားတတ်ကြမလို့။”
ထိုအခါ ဗိုလ်ချုပ်ကြေးရုပ်ကြီးက “အေး…အေး … မင်းတို့ သွားကြ၊ ဒါပေမယ့် ငါအခုဒီမှာ ရပ်နေရတာ ညောင်းလာပြီ၊ ဟို မဟာဗန္ဓုလအရုပ်မှာဆို မြင်းတစ်ကောင်နဲ့ ကျကျနန သက်သက်သာသာရှိတယ်။ ဒီတော့ နောက်တစ်ခါ မင်းတို့လာရင် ငါ့အတွက် မြင်းတစ်ကောင် ယူလာခဲ့။”
“ဟုတ်…. ဟုတ်ကဲ့” ဟုသာ ကိုသန်းထွန်း ပြန်ပြောနိုင်ပြီး၊ ကျွန်တော်တို့လည်း အာစေး ထည့်ထားခံရသလို ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။
ဒီလိုနဲ့ ကျွန်တော်တို့ ဆက်လက် ချီတတ်လာခဲ့ကြရာ နောက်ဆုံး စည်းဝေးပွဲကျင်းပရာသို့ ရောက်သော အခါ ဒေါသတကြီးဖြင့် စောင့်နေရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တွေ့လိုက်ရသည်။
“မင်းတို့ ဘာလို့ ဒီလောက်တောင် နောက်ကျ နေရတာလဲ” ဟု မေး၏။
“ကိုသန်းထွန်းက ကြောက်ကြောက်နဲ့ “ဗိုလ်ချုပ်မှူးကြီးခင်ဗျာ ကျွန်တော်တို့ ဒီကို အလာ လမ်းမှာ ဗိုလ်ချုပ် ကြေးရုပ်ကြီးက စကားပြောနေလို့ပါ ခင်ဗျာ။” ဟု ပြန်ဖြေလိုက်သည်။
“မင်းတို့ အဓိပ္ပါယ် မရှိတာတွေ လာပြောမနေနဲ့၊ ငါ မယုံဘူး။”
“ဗိုလ်ချုပ်မှူးကြီး မယုံရင် ကျွန်တော် လက်တွေ့ပြမယ်။” ဟု ကိုသန်းထွန်းက ပြောလိုက်၏။
“အေး …. မင်းတို့ပြောသလို မဟုတ်ရင် မင်းတို့နဲ့ ငါနဲ့ အတွေ့ဘဲ။” ဟု ကြိမ်းပြီး ဗိုလ်ချုပ် ပန်းခြံရှိရာသို့ ကျွန်တော်တို့ အားလုံးသွားကြသည်။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ရောက်ရာ ကိုသန်းထွန်းက ဗိုလ်ချုပ်မှူးကြီးကို လက်ဆွဲပြီး “ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ၊ ဒီကြေးရုပ်ကြီးဘဲ။” ဟု လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီးက ကြေးရုပ်ကြီးအား သေသေချာချာကြည့်နေစဉ် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကြီးက ပြောလိုက်သော စကားကို ကျွန်တော်တို့ ကြားလိုက်ရလေသည်။ ကြေးရုပ်ကြီးက မှတ်သားလောက်စရာ ပြောလိုက်သည်မှာ…
“ဟေ့ … မင်းတို့ကို၊ ငါက နောက်တစ်ခါလာရင် မြင်းတစ်ကောင် ယူခဲ့လို့ မှာထားတာ၊ မင်းတို့က … အခု ဘာလို့ ဒီနွားကြီးကို ခေါ်လာရတာတုံး” တဲ့ဗျာ။
ကိုထိုက်
(p.s .... ဒီနေရာမှာ နွားနဲ့ နှိုင်းလို့ နွားသိက္ခာကျတာ သိပေမယ့် ရေးပြီးသားအတိုင်းမို့ ဒီအတိုင်း ထားလိုက်တာပါ။)
လပ္ပတ္တာမြို့ပေါ်တွင်ပစ္စည်းများလိုက်လံဝေငှနေတာပါ ။ ခြင်တွေအရမ်းကိုက်တဲ့အချိန်ကျွန်တော်တို့ကခြင်ထောင်တွေဝေတာနဲ့သူတို့အားလုံးပျော်သွားတာပေါ့ ။
တစ်ဘီးမောင်းထွန်စက်ပေါ့.. ဒါမျိုးလေးတွေကိုတော့ဒေးဒရဲမြိုနယ်ထဲကကွန်ဒိုင်းလေးရွာမှာလှုဒန်းခဲ့တာပေါ့
ဒီမှာဆက်ရေး
Monday, July 14, 2008
အကောင်းဆုံးဘလောဂ့်များရွှေးချယ်၊ မြန်မာနိုင်ငံမှ ဘလောဂ့်ပါဝင်
အကောင်းဆုံးဘလောဂ့်များရွှေးချယ်၊ မြန်မာနိုင်ငံမှ ဘလောဂ့်ပါဝင်
ကမ္ဘာတ၀ှမ်းရှိဘလောဂ့်များအနက်အကောင်းဆုံးဘလောဂ့်များအားရွှေးချယ်ပြီးဆုပေးလျှက်ရှိသော
The Blog Wold & New Media Expo မှ ရွှေးချယ်သက်မှတ်ပေးသော Best Asian Blog စာရင်းတွင်
မြန်မာနိုင်ငံမှဘလောဂ့်တခုပါဝင်ကြောင်းသိရသည်။
ထိုဘလောဂ့်မှ http://ko-hitke.blogspot.com
Best Asian Blog စာရင်းကို http://2007.weblogawards.org/polls/best-asian-blog-1.php
တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
Sunday, July 13, 2008
မကြီးသဒ္ဒါရဲ့ကဗျာလေးပါ
အတောင်မညောင်း..သတ္တိကောင်း..အနိုင်ခွပ်မဲ့ ဒေါင်း။။ပြည်သာရင်. က ပြမဲ့ဒေါင်းပြည်နာရင်.. ချ ကြမဲ့ဒေါင်းမင်းရဲ့ မျက်စောင်း..အကြောင်းသုံးပါးမရွေး..ဒို့ တွေမှာလည်း နီရဲတဲ့ သွေး။နိုင်တဲ့အထိ..အသေခံခွပ်မယ်။ ညွတ်ကွင်းတော့ မ၀င်..အသက်ဘဲ စွန့် လွတ်လိုက်ချင်ခွပ်ဒေါင်းဆိုတာ..တော်ဝင်သံမဏိဌက်ကြောက်ရွံစွာ..ဘယ်ခါ သွေးမပျက်။သစ္စာနဲ့  ဒေါင်း..အသက်စွန့် မဲ့ ဒေါင်း.လွတ်လပ်မှုကို..ကပြ မတောင်း၊ဒူးထောက်အညံ့ခံ ပြီး မတောင်း၊ခွပ်ပြီး တောင်းမဲ့ ဇာနည်ဒေါင်း၊ဒို့ ဗမာ့ သမိုင်းကြောင်းမှာ။ဒေါင်းသွေးနီ..စည်းရုံးပြီး အုပ်ချုပ်..တအုပ်စု တည်းနေ..ကြိုးအားကုပ်အရောင် ပြောင်းပြောင်း..အတောင်တွေ ဘဲ စောင်းစောင်း..ခြေလက်ဘဲ ညောင်းညောင်း ဒေါင်းဆိုတာ..ဒေါင်းသာပါချည့်..ခွပ်ဒေါင်းသတ္တိရဲရင့်ကြောင်းခွပ်ဒေါင်းများသာ အသိ။စည်းလုံးမှူတွေ အယောင်မဆောင်ပုဆိန်ရိုးဒေါင်း ကြည့်ကာရှောင်..ဥဒေါင်း စစ်က..ဒေါင်းချင်းမခွပ်ကြနှင့်..သူများနောက်ကျော ဓါးနဲ့မထိုးကြပါနှင့်။ ရန်ကို ရှောင်..ဥာဏ်ကိုဆောင်.အားအင်ကွဲ..အုပ်သင်းကွဲ တကောင်ချင်း မျိုးပြုတ်တော့မှာ သတိဆောင်..ရဲဝံ့ ချစ်ကြည်..စည်းလုံးညီညာဒေါင်းမှန် ရင်..ဒေါင်းချင်းမခွပ်ကြပါ။မသဒ္ဓါ ( ၇။၉။၂၀၀၈)
Saturday, July 12, 2008
လပ္ပတ္တာခရီးစဉ် ( ၃ )
အဲဒီရွာမှာအိုး၊စောင်၊တာပေါ်လင်၊အ၀တ်အထည်တွေ
Friday, July 11, 2008
Tuesday, July 8, 2008
RFA သို့
ကိုမျက်လုံးရဲ့ဘလော့ကနေcopyလုပ်ပြီးထည့်လိုက်တယ် RFA က ကိုကိုတို့မမတို့ရေသိပ်ပြီးမဖွကြပါနဲ့အထဲကလူတွေလုပ်ကိုင်ရခက်သွားမည်
ဒီမှာဆက်ရေး
Monday, June 23, 2008
To RFA
Email this • Save to del.icio.us • Digg This! • Stumble It!
ညနေက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်မှ ပြောလာပါတယ်။ မင်းတို့ လေဘေးသင့်တဲ့သူတွေကို အိမ်တွေပြန်ဆောက်ပေးနေတဲ့အကြောင်းကို RFA က ပြောသွားတယ်တဲ့။ မင်းတို့ကို ဦးဆောင်လုပ်နေတဲ့ ကိုညီလင်းဆက်ဆိုတဲ့ ကွန်ပျူတာသမားက မန်နေဂျာရာထူးကတောင်ထွက်ပြီး လုပ်နေတယ်။ ရံပုံငွေ ဒေါ်လာသောင်းချီပြီးရနေတော့ အတားအဆီး၊ အနှောက်အယှက်မခံရပဲနဲ့ ဆက်လုပ်လို့ရနေတယ်ဆိုပြီး ပြောသွားတယ်တဲ့။ အဲဒီအကြောင်းကို ကျွန်တော်တို့ အားလုံးသိသွားတာနဲ့ တော်တော် ဒေါသထွက်သွားပါတယ်။ ဒီမီဒီယာတွေနဲ့ ပတ်သတ်လို့ အရင်တုန်းကလည်း ကျွန်တော် တော်တော်ပြောခဲ့ဖူးပါတယ်။ ဘေးကနေတီးပေးမနေကြပါနဲ့လို့။ ခင်ဗျားတို့ မိုင်ပေါင်းများစွာဝေးတဲ့နေရာက မဆင်မခြင် ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိပြောလိုက်တဲ့ စကားတွေက စိတ်သန့်သန့်နဲ့ လုပ်နေကြတဲ့သူတွေအတွက် ဘယ်လောက်အထိ ထိခိုက်ခံစားသွားရနိုင်သလဲဆိုတာ သတင်းသမားတစ်ယောက်အနေနဲ့ သိသင့်ပါတယ်။ ဒါမျိုးက သတင်းသမားမှမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဓါတ်လောက်ရှိရင်တောင် ပြောသင့် မပြောသင့် သိပါတယ်။ ခင်ဗျားတို့ အဲဒီလို ပြောလိုက်တာ သတင်းဟုတ်ပါသလား။ ဘယ်သူတွေများ အကျိုးထူးရသွားမလဲ။ ကျွန်တော်တို့အားလုံးဟာ လူအချင်းချင်း တတ်နိုင်သလောက် ၀ိုင်းကူနေကြတာပါ။ ခင်ဗျားတို့လို အဝေးကြီးကနေ ခံစားခွင့်တွေ တစ်ပုံကြီးနဲ့ လေကိုရင်းပြီး လုပ်စားနေကြတဲ့သူတွေ တစ်ယောက်မှ မပါပါဘူး။ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတာက ကျွန်တော်တို့လက်ထဲ ရောက်လာသမျှသော ရံပုံငွေမှန်သမျှကို လေဘေးရော၊ ရေဘေးပါ တကယ်ခံခဲ့ရတဲ့သူတွေဆီကို အကျိုးရှိရှိရောက်သွားဖို့ပါ။
ခင်ဗျားတို့ ထင်ထားတာက ဒေါ်လာ သောင်းဂဏန်းလောက်က ကျွန်တော်တို့ရှေ့ကို ဒုန်းဆိုရောက်လာ၊ ကျုပ်တို့က အဲဒီပိုက်ဆံတွေကို ၀ယ်စရာရှိတာ အလွယ်တကူဝယ်ပြီး ကားကြီးနဲ့ ငြိမ့်ငြိမ့်လေး လပွတ္တာကိုရောက်၊ ဟိုဟိုဒီဒီ လှူစရာရှိတာတွေ လှူပြီး ပြန်လာကြ ဒီလိုများ ထင်နေကြသလား။ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆက်လုပ်ချင်စိတ်ကုန်လောက်တဲ့အထိ အခက်အခဲတွေ အများကြီးပါ။ ကျွန်တော်တို့မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါတွေကို ဘယ်သူမှ ကျွန်တော်တို့လောက် မသိပါဘူး။ ဒီကောင်တွေ ဘာကြောင့်အတားအဆီး မခံရတာလဲဆိုတာလောက်ပဲ ခင်ဗျားတို့ စဉ်းစားတတ်သလား။ ငါတို့ ပြောလိုက်လို့ ဒီကောင်တွေ ဒုက္ခရောက်သွားရင် ငါတို့ ဖွစရာ သတင်းရမယ်ဆိုတာလောက်ပဲ တွေးသလား။ နည်းနည်းငြိမ်သွားရင် မပွ ပွအောင် ထပြီး ဖွ၊ ခံစရာရှိတော့ တကယ်လုပ်နေရတဲ့ကောင်တွေခံ၊ အဲဒီအချိန်ကျမှ ခင်ဗျားတို့ လျှာတွေယားနေအောင် ပြောချင်နေတဲ့ အကြောင်းတွေကို အတုံးလိုက် အတစ်လိုက် ၀ိုင်းပြောကြ။ အဲဒီအချိန်မှာ လေဘေးရေဘေးခံခဲ့ရသူတွေအတွက်လည်း ထိခိုက်နစ်နာမှုအများကြီး ရှိသွားမှာပဲဆိုတာ တွေးမိသလား။ လက်ရှိပြန်လည်ထူထောင်ရေးနဲ့ လှူဒါန်းကူညီနေတဲ့သူတွေက စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အားလုံးကို အထိခိုက်ခံပြီး လုပ်နေရတဲ့အထဲ ဘယ်သူတော့ ဘယ်လို ဖြစ်သွားပြီဆိုပြီး ကြားရရင် ဒီအလုပ်ကို လုပ်နေတဲ့ လူ ၁၀၀ မှာ ၉၀ လောက်က ဆက်မလုပ်တော့ဘူးဆိုရင် ဘယ်သူတွေ အကျိုးယုတ်မလဲ။
ဘယ်သူမှ မတားလဲ ကျွန်တော်တို့မှာ Fund မရှိသလောက် နည်းနေပြီ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ ဆက်လုပ်ဖြစ်မယ် မထင်တော့ပါဘူး။ အခုလောလောဆယ် ကိုညီလင်းဆက်တို့ ဆိပ်ကလေးကုန်းရွာမှာ အိမ်အလုံး ၂၀ နဲ့ ကွင်းသုံးဆင့် ရွာမှာ အိမ် အလုံး ၂၀ ဆောက်ပေးနေကြပါတယ်။ ဒီရွာတွေမှာတော့ အိမ်တိုင်တွေက အစ ပံ့ပိုးပေးတဲ့အတွက် ကုန်ကျစရိတ်တွေလည်း ပိုပြီးကုန်ကျလာပါတယ်။ ကျွန်တော်တို့မှာ Fund လည်း မရှိ၊ ဆက်လက်လုပ်ဆောင်ဖို့အတွက် အခြေအနေလည်း မပေးတော့ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လုပ်ချင်စိတ်ရှိရှိ ဆက်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
4 votes
ရေးသူ = မျက်လုံး
ဒီမှာဆက်ရေး
နာဂစ်တန်ခိုးနဲ့ကျွန်တော်လည်းခဏတော့ဝေးခဲ့သွားတာပေါ့ဗျာ။
ဒါပေမည့်လည်းအချိန်တန်တော့လည်းဟိုကျော်ဒီခွနဲ့ရောက်လာပြန်ပြီ။
အာရုံတွေကတစ်ခြားမှာဆိုတော့လည်း.......post အသစ်တွေများတော့
မတင်နိုင်ဘူးပေါ့..
ယခု..ဘိုကလေးကကိုကျော်ဇေယျ ( ပညာရေး ) ရဲ့ကဗျာလေးကိုတင်ပေးလိုက်တယ်။
ကိုယ်တိုင်မရေးနိုင်တော့သူများကဗျာတွေပဲတင်လိုက်တော့တယ်..ဟဲ..ဟဲ..။
ဒီမှာဆက်ရေး
တူညီမျှစွာကူညီကြပါ
ဒီမှာစရေး နာဂစ်ရေ
ရွာအဖြစ်တွေကို
ရှာလစ်ဖွေလို့ပြောပါရစေ
နှစ်ရက်မေလ
မျက်ရည်နဲ့စခဲ့ကြပြီ
ကောင်းကင်မှာလေနီကြမ်း
မြေပြင်မှာဒီရေလွှမ်း
ပြည်သူတွေဘ၀မျက်ရည်လမ်း
ကျိုးပဲ့သစ်ပင်
မိုးထဲဖြစ်အင်
ကျွှဲနွားဝက်သေ
တဲများပျက်နေ
ချောင်းရေထုမှာ
အလောင်းတွေစုပါ
သောင်းမြေထုပမာ
စာသင်ကျောင်းတွေ
ရွာအပြင်ချောင်းရေမှာမြောခဲ့ပြီ
နာဂစ်ရေ..
မင်းလာတာကတစ်ညပါ
ပြည်သူတွေမှာဘ၀နာ
အနိဌာရဲ့စာမျက်နှာ
စားစရာလည်းမရှိ
ခါးဗလာနတ္တိ
သွားစရာလည်းမသိ
သားလည်းမရှိအားနဲချိ
သမီးဇနီးလည်းမရှိ
ခရီးလည်းမသိ
အဖေလည်းသေဘေး
အမေလည်းအနေဝေး
ကြေကွဲနေတဲ့ခလေးတွေ
ဆွေး၇ည်တက်ဖြေမရ
သွေးပျက်နေကြ
ကလေးငယ်တွေဘဝ
နေရန်လည်းမရှိ
ရေဆန်လည်းမရှိ
သေရန်ပဲရှိ
သင်္ခါရ
ယှဉ်လာမရ
ရင်နာရပြီလေ
တူသားအရင်းပမာ
လူသားချင်းစာနာ
“ တူညီမျှကာ…ကူညီကြပါ…။
ဒီမှာဆက်ရေး
Tuesday, April 29, 2008
အသိပေးခြင်း ( ၄ )
အခြေခံဥပဒေများ........
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ( ၂၀၀၈ )၊ အခန်း ( ၈ )၊စာမျက်နှာ ၁၅၀၊ပုဒ်မ( ၃၅၄ )တွင်..........
နိုင်ငံသားတိုင်းသည်နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွှာအချမ်းသာယာရေး ( သို့ )
ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဌန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါ
အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွှက်ခွင့်ရှိသည် ။ ။
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား
ဖြန့်ဝေခွင့်။
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ ( သို့ ) အစည်းရုံးများ ဖွဲ့စည်းဆောင်ရွှက်ခွင့်၊
(ဃ) တိုင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး ( သို့ ) တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊
အခြားဘာသာသာသနာကိုလည်းကောင်း၊ထိခိုက်နစ်နာမူမရှိပဲ
မိမိချစ်ခင်မြတ်နိုးသည့်စကား၊စာပေ၊ယဉ်ကျေးမူ၊ကိုးကွယ်သည့်ဘာသာသာသနာနှင့်ဓလေ့ထုံး
များကို လွပ်လပ်စွာဆောင်ရွှက်ပိုင်။ ။ဟုပြဌန်းထားသောလည်း.....
စာမျက်နှာ (၁၅၅)၊ ပုဒ်မ ( ၃၈၂ ) တွင်အောက်ပါအတိုင်းပြဌန်း၍...ကန့်သတ်ထိန်းချုပ်ထားသည်ကိုတွေ့
ရှိရပါသည်......
ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ( သို့ ) ငြိမ်ဝပ်ပိပြားရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်ရသော
တပ်ဖွဲ့ဝင်များအား ယင်းတို့၏တာဝန်ဝတ္တရားများကိုကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့်
စည်းကမ်းသေ၀ပ်မူများရှိစေရေးတို့အတွက်ဤအခန်း၌ပေးအပ်ထားသောအခွင့်အရေးများ
အနက် ကန့်သတ်ရန် ( သို့ ) ဖျက်သိမ်းရန် လိုအပ်သောအခွင့်ရေးများကို ဥပဒေပြဌန်း၍
ကန့်သတ်ခြင်း ( သို့ )ဖျက်သိမ်းခြင်းပြုရမည်။ ။
အတုယူကြစမ်းပါ ။ ။
ဘလော့ဂါများအတွက်အထူးအစီစဉ်.........
ဘလော့ဂါများအတွက်အထူးအစီစဉ်တစ်ရပ်ကိုမလေးရှားရုပ်သံတွင်ဖွင့်လှစ်ထားမည်...................................
ယင်းသို့ဖွင့်လှစ်ရခြင်းမှာဘလော့ဂါများသည်၎င်းတို့၏ထင်မြင်ယူဆချက်များကိုပြောဆိုနိုင်ရန်လမ်းကြောင်း
ပေးရန်ဖြစ်သည်။ ။ယင်းအထူးအစီစဉ်ကသမာရိုးကျမဟုတ်သောသတင်းမီဒီယာကိုကိုင်တွယ်ရာ၌ အစိုးရ၏
ပွင့်လင်းမူကိုသက်သေပြလိမ့်မည်ဖြစ်ကြောင်း မလေးရှားပြန်ကြားရေးဝန်ကြီး အာမက်ရှာဘာရီက ပြောကြားသည်။ ။
အတွဲ( ၄ ) အမှတ် ( ၁၆ ) flower news မှာ့ ကောက်နုတ်ချက်...........
ဒီသတင်း ကိုဖတ်ပြီးတော့ ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကိုမြင်မီတယ်ဗျာ......
ဘဘတို့ရေ.....အဲဒါလေးတွေကို အတုယူကြစမ်းပါလို့နော့......
Monday, April 28, 2008
အမှားပြင်ဆင်ခြင်း ( ၁ )
ကျုပ် အမှား လေ...
( ၁၀ ) ခု မြောက် ဆိုတဲ့ post က ကျုပ်လောဘတကြီးနဲ့ ရမ်းလိုက်တာ အမှန်တော့ ( ၈ ) ခုမြောက်......
ဒီတော့ခင်ဗျားတို့ဖတ်မိရင်ကိုယ့်အသိနဲ့ကိုယ်..ပြင်ဖတ်လိုက်ပါနော်...အဲလိုမျိုးဆက်မှားဖို့..ရှိနိုင်လို့ ကျုပ်.. title ကိုက.." အမှားပြင်ဆင်ခြင်း( ၁ )
လို့ပေးထားတာပဲကြည့်..ဟဲဟဲ..
( ၁၀ ) ခုမြောက်
ဒီ post က ကျုပ်အတွက် ( ၁၀ ) ခုမြောက် post ပါ ။
ဒီ post ထဲ မှာကျုပ် message ပေးချင်တာက
တိုင်းပြည်တပြည်တိုးတက်ဖို့ဆိုတာ စစ်တပ်ကြီးပဲရှိလို့မဖြစ်သလို
ပြည်သူမပါဝင်လို့လည်းမဖြစ်ဖူးဆိုတာမျက်ကန်းမျိုးချစ် ( အမှန်တရားကိုမမြင်
နိုင်ပဲကိုယ်ဆွေမျိုးသားချင်းကိုပဲချစ်တဲ့အဓိပ္ပယ်ပါ )
ဒီဗိုလ်ချုပ်တွေတိုင်းပြည်ကိုအမှန်အကန်လိပ်ပြာသန့်သန့်နဲ့ချစ်ခဲ့ရင် အာဏသိမ်းပြီး
နောက်ပိုင်းပါတီစုံစနစ်တိုထူထောင်ပေးရွှေးကောက်ပွဲပြုလုပ်ပြီးရင်ရွှေးချယ်ခံတိုင်းရင်း
သားကိုယ်စာလှယ်တွေနဲ့အမျိုးသားညီလာခံကိုကျင်းပ၊အခြေခံမူတွေချမှတ်၊ချမှတ်တဲ့
အခြေခံမူကိုဆန္ဒခံယူပွဲကျင်းပ၊ဒင်းတို့ကဒိုင်လူကြီးလုပ်ပြီးပြီဒါဆိုရင်အားလုံးက ပိုနေမြဲကျားနေမြဲပဲ ဘာမှာ့အမုန်းပွားစရာ မလိုတော့ဘူး ဒါမှာ့မဟုတ်ကိုယ်ပဲအုပ်ချုပ်
ချင်တယ်ဆိုရင်လည်း အိမ်နီးချင်း ဗီယက်နမ် ကိုကြည့် ( ဗီယက်နမ်ကို ယခင်ကပင်
ယခုလူများ စီမံခန့်ခွဲကြပါသည် ဗီယက်နမ် ကောင်းစွာ မတိုးတက်ခဲ့ပါ ဦးဆောင်သူများ
အတွေးတခေါ်ပြောင်းပြီးစီမံခန့်ခွဲသောအခါ ဗီယက်နမ်ကောင်းစွာတိုးတက်လာပါသည်။
ဦးဆောင်သူမပြောင်းပဲ ဦးဆောင်မူသာပြောင်းလိုက်ခြင်းဖြစ်ပါသည် NO LEDER
CHANGED LEDERLISH CHANGEED )
၂၀၀၇ ၊ နိုဝင်ဘာလထုတ် ၊ အမှတ် - ၂၁၆ ( အမည်မမှတ်မိမဂ္ဂဇင်း တစောင်မှာ့ )
ဆရာနေဇင်လတ်ရဲ့ - တန်ဖိုးထားတတ်ဖို့ပဲလိုတယ် ဆောင်းပါးမှ့ ကောက်နုတ်ချက်ပါ ထုံးစံအတိုင်း ကျုပ်တို့ blogger သမားတွေ တွေ့ကြုံရတဲ့အဖြစ်လေးပေါ့ ကာယံကံရှင်ကို ခွင့်ပြုချက် မတောင်းနိုင်ဘူးလေ ခွှင့်လွှတ်ပါ ဆရာနေဇင်လတ် ဒီ blog လေးတောင်ေ၇းဖို့ကလွဲရင် ဘာမှာ့ နကန်းတလုံးမသိတဲ့ကျွန်တော်ကို အစမှာ့အဆုံး စိတ်ရှည်ရှည်နဲ့သီးခံပြီးအကူအညီ ပေးတဲ့ အဝေးက မကြီး သဒ္ဓါမေ ကိုလည်းတလေးတစားနဲ့ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ။
အဲ……. ကျုပ်ပေးချင်တဲ့ message လည်းဦးတည်ချက် လွဲသွားပြီ ၊
နောက် post မှာ့ပဲ ထပ်ပေးတော့မည် မကြာမှီလာမည် မျော်ပေါ့…။ ။
ဒီမှာဆက်ရေး
Saturday, April 26, 2008
အသိပေးခြင်း ( ၃ )
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း၊အခန်း ( ၅ ) စာမျက်နှာ ၇၅/၇၆- ပုဒ်မ (၂၀၁) တွင်လည်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း
(က) နိုင်ငံတော်သမတ
( ခ ) ဒုတိယ သမတ
( ဂ ) ဒုတိယ သမတ
(ဃ) ပြည်သူ့လွှတ်တော်ဥဏ္ဍဌ
( င ) အမျိုးသားလွှတ်တော်ဥဏ္ဍဌ
( စ ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
(ဆ ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
( ဇ ) ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး
( ဈ ) ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး
(ည) နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး
( ဋ ) နယ်စပ်ေ၇း၇ာဝန်ကြီးဌာန၀န်ကြီး ဟူ ( ၁၁ ) ဦးဖြင့်
ဖွဲ့စည်းထားရာတွင်လည်း နေရာ ( ၆ ) နေရာကျော်အား
ယူထားသည်ကိုတွေ့ရခြင်းအားဖြင့်--နိုင်ငံတော်အာဏာအား
စွန့်လွှတ်ရန်စိတ်ကူးမရှိသောအကြံအစည်ကိုတွေ့ရသည်။ ။
အသိပေးခြင်း ( ၂ )
ဖွဲ့စည်းပုံအအခြေခံဥပဒေမူကြမ်း ( ၂၀၀၈ )
အခန်း ( ၁) စာမျက်နှာ ( ၆ ) ပုဒ်မ ၂၀ ပုဒ်မခွဲ ( ဃ ) မှာ
တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင်
ပြည်သူ တစ်ရပ်လုံးပါဝင်ရေးအတွက်စီမံဆောင်ရွက်ခွင့်ရှိသည်
ဒါကလည်း ကျူပ်တို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်
လုံခြုံရေး အကြောင်းပြချက်ဖြင့် အဓီမ လုပ်အားပေးရန်
ဒါဟာလည်း အာဏရှင်ဆန်သော ပုံစံပါ
ဒါကြောင့်…ဒို့အနာဂတ် ဒို့ဖန်တီးလို့ စစ်ကျွှန်ဘ၀လွှတ်မြောတ်ဖီု့
မဲရုံသွားလို့ ( x ) ပါစို့လို့ အသိပေးလိုက်ပါတယ် ။ ။
အသိပေးခြင်း(၁)
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း(၂၀၀၈)
အခန်း(၁)စာမျက်နှာ(၆)နံပတ် ၂၀ (ခ) မှာ......
ဒီလိုရေးထားပါတယ်....
တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစွာအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွှက်ပိုင်ခွင့်ရှိသည်
ဒါဟာငါတို့လုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ပဒေသရာဇ်ပုံစံပါ
Friday, April 25, 2008
ကြိုဆိုပါတယ်သူငယ်ချင်း
တစ်မြေတည်းနေတစ်ရေတည်းသောက်
မင်းနဲ့တို့နှစ်ယောက်
တံတိုင်းမခြားစည်းမတားပဲ
နီးလျှက်နဲ့ဝေးခွဲခွာသွားခဲ့
ရာဇ၀င်ထဲကလိုမင်းဆိုးညစ်လက်ထဲ
မထားရက်နိုင်ခဲ့
လက်ကမ်းလို့ကြိုပါတယ်
ပြည်သူရဲ့ရင်ခွင်ထဲ
မင်း.....................
လှမ်းလို့ခိုလှည့် ။ ။
ကြံ့ဖွံ နှင့်စွမ်းအားရှင်အဖွဲဝင်သူငယ်ချင်းဟောင်းများအားရည်ရွှည်ပါသည်
ဲ
Thursday, April 24, 2008
လာလေသွားစို့၊ဒို့အတူလေ
xxx လာလေသွားစို့ ၊ ဒို့အတူလေ
မညီညာခရောင်းလမ်း ၊ ကြမ်းတမ်းပါစေ
တော်လှန်ေ၇းအတွက် ၊ ကိုယ်ကျိုးစွန့်လေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
နိုင်ငံအကျိုးနဲ့ ၊ သာသနာအမျိုးတွက်
ပန်ပမ်းပါစေ ၊ မညီးညူပေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
ရင်ဆိုင်ဖြတ်သန်း ၊ တော်လှန်ရေးလမ်း
ဦးလည်မသုန် ၊ ဆောင်ရွှက်ပေ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
ဆနွာအမှန် ၊ ဖော်ထုပ်ရန်အတွက်
မဲရုံဆီသို့သွားကြစို့ ။
xxx လာလေသွားစို့ ၊ ဒို့အတူလေ
လာလေသွားစို့ ၊ ဒို့အတူလေ
လာလေသွားစို့ ၊ ဒို့အတူလေ...။..။
မဲရုံသို့သွားစို့
။ ။ရဟန်းရှင်လူ
ဒို့ပြည်သူနှင့်
တော်လှန်ရေးသမား
ခွပ်ဒေါင်းအားတို့
ဒို့အနာဂတ်ဒို့ဖန်တီးဖို့
စစ်ကျွန်ဘ၀လွတ်မြောက်ဖို့
မဲရုံသွားလို့
ကန့်ကွက်ကြပါစို့ ။ ။
Wednesday, April 23, 2008
နှုတ်ခွန်းဆက်ခြင်း
ဘာအကြောင်းတွေရေးရမယ်ဆိုတာမသိအောင်ကိုဖြစ်နေမိတယ်တွေးလေတွေးလေစိတ်ဆိုးလေခင်ဗျားတို့စဉ်းစားကြည့်မီးကမလာနေကပူပူဘာအကြောင်းထူးများရှိလည်းလို့သတင်းစာကိုဖတ်ကြည့်တော့ဓာတ်တွေကိုလိုက်လို့
